ဟင် ဟိုမှာ ကိုရင်တစ်ပါး တောထဲ ကြွသွားပါလား။ ဘာလုပ်တာ ပါလိမ့်။ ဟေးးးးးးးးးးး မူးမတ်များတို့ လိုက်ကြည့်ကြစမ်း။ ကိုရင်လေးတစ်ပါး တောထဲ ကြွသွားတာ တွေ့လိုက်တယ်။ ( ဘုရင်ကြီး သီဟရာဇသည် အပန်းဖြေ အနားယူရန် အေးချမ်းစိတ်ငြိမ်သော ဘေးမဲ့တောကြီးသို့ မူးကြီးမတ်ရာ သေနာပတိအစုံအလင်ဖြင့် ကြွရောက်လာဖြစ်ခြင်းဖြစ်သည်။ မထင်မှတ်ပဲ ဘေးမဲ့တောကြီးထဲကို ကိုရင်တစ်ပါးကြွသွားသည်ကို မြင်လိုက်ရသည်။ ဘုရင်ကို လုပ်ကြံလိုသူများသည် ပုံစံအမျိုးမျိုးဖြင့် နေတတ်ကြရာ မင်းကြီးမှာ စိုးရိမ်စိတ်ရော သိချင်စိတ်ရော ဖြစ်ရသည်။ ဒါကြောင့် ခုလို အမိန့်ပေး စေခိုင်းလိုက်ခြင်းဖြစ်သည်)။ မူးမတ်များသည်လည်း အလျင်အမြန် လိုက်သွားကြသည်။ တောထဲရောက်လို့ ဟိုရှာ ဒီရှာနဲ့ ရှာကြည့်လိုက်တော့ ဟော တွေ့ပါပြီ။ ကိုရင်လေးတစ်ပါး သစ်ပင်အကြီးကြီး တစ်ပင်အောက်မှာ တင်ပလ္လင်ခွေလျှက် ငြိမ်သက်အေးချမ်းစွာ တရားထိုင်နေသည်။ မူးမတ်များလည်း အဝေးမှပင် ဦးတင်ရှိခိုးပြီး ပြန်လာခဲ့ကြသည်။ တောစပ်မှာ ရပ်စောင့်နေသော ဘုရင်ကြီးကို အကြောင်းစုံ လျှောက်တင်လိုက်သည်။ ဘုရင်ကြီးလည်း ဖူးမျှော်လိုသဖြင့် စစ်တပ်ဗိုလ်ပါများကို တောစပ်မှာ တပ်ချထားခဲ့သည်။ ကိုယ်တိုင်လည်း ညင်သာသည့် ခြေလှမ်းများဖြင့် ကိုရင်လေးရှိရာသို့ ဦးတည် ကြွမြန်းသည်။ ကိုရင်လေးကို ခပ်ဝေးဝေး နေရာလေးမှ နေပြီး ဦးတင်ရှိခိုး ဖူးမျှော် ကြည်ညိုနေသည်။ အချိန် တော်တော်ကြာကြာ စောင့်နေလိုက်ရသည်။ ကိုရင်လေးလည်း သူ့တရားထိုင်ခြင်း ကိစ္စပြီးသဖြင့် သပိတ်လေး ပိုက်ကာ ခရီးကြွဘို့ ပြင်နေသည်။ ထိုအခိုက် မင်းကြီးနဲ့အဖွဲ့သည် ကိုရင်လေးကို ဦးတိုက်ရှိခိုးလိုက်သည်။
ကြည်လင်သည့် မျက်ဝန်း အေးချမ်းသည် မျက်နှာ တည်ငြိမ်သည့်အသွင်နဲ့ ကိုရင်လေးက နှုတ်ဆက်စကားဆိုသည်။ ဘုရင်ကြီးနဲ့ ကိုရင်လေး စကားတွေ ပြောဖြစ်ကြသည်။ ကိုရင်လေးသည် ကောင်းကင်သို့ တစ်ချက်မော့ကြည့် လိုက်သည်။ ပြီးတော့ ဆွမ်းစားချိန် နီးနေသဖြင့် ဘုရင်ကြီးကို ဆွမ်းစားကြွတော့မည့်အကြောင်း ပြောလိုက်သည်။ ဆွမ်းဘုန်းပေးနေတာကို ကိုယ်တိုင် ဖူးမျှော်လိုကြောင်း ဘုရင်ကြီးက လျှောက်ထားသည်။ ကိုရင်လေးက ခွင့်ပြုသည်။ ဒီလိုနဲ့ ကိုရင်လေးရယ် ဘုရင်ကြီးနဲ့ အဖွဲ့ရယ် ချောင်းစပ်တစ်ခုသို့ သွားခဲ့ကြသည်။ ချောင်းစပ်ရောက်တော့ ကိုရင်လေးက ရေချိုးသပ္ပါယ်သည်။ ပြီးတော့ တရားအမှတ်နဲ့ ဆွမ်းဘုန်းပေးသည်။ ပြီးတော့ ဆွမ်းကျန် ဟင်းကျန်များကို တောကောင် ကုန်းနေသတ္တ၀ါလေးများ ရေသတ္တ၀ါလေးများကို ဖိတ်ခေါ်အစာကျွေးသည်။ ကိုရင်လေးရဲ့ လှုပ်ရှားမှု့များကို ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ့ရသော ဘုရင်ကြီးသည် ကိုရင်လေးကို အရမ်းကြည်ညိုမိသည်။
ဘုရင်ကြီးက ကိုရင်လေးကို “ ကိုရင်လေးဘုရား၊ တိုင်းသူ ပြည်သားတွေ ရှာရ ဖွေရ လုပ်ရ ကိုင်ရတာ မလွယ်ကူပါဘူး ဘုရား၊ ဒါကြောင့် ခုလို အပိုအလျှံ မဖြစ်အောင် တစ်ပါးစာ မျှတယုံလောက်ပဲ အလှူခံရင် ပိုမကောင်းဘူးလား ဘုရား၊ တိုင်းပြည်ရဲ့ ဘဏ္ဍာအလဟဿ မဖြစ်တာပေါ့ဘုရား ”လို့ လျှောက်ထားလိုက်သည်။ ကိုရင်လေးက “ ဒကာတော် မင်းကြီး ကိုရင်က တစ်ပါးစာပဲ မျှတရုံလောက် အလှူခံတာပါ။ လူတွေက လှူဘို့စီစဉ်ထားပြီး မလှူလိုက်ရရင် စိတ်မကောင်းဖြစ်သွားကြတယ်။ ဒါကြောင့် သူတို့လည်း ကုသိုလ်များအောင် စိတ်မကောင်းလည်း မဖြစ်ရအောင်ဆိုပြီး အလှူခံတာ မင်းကြီး။ ခုလို အလှူခံလိုက်တာလည်း အလဟဿ မဖြစ်ပါဘူး။ မင်းကြီးမြင်တဲ့အတိုင်းပဲလေ ကုန်နေသတ္တ၀ါလေးတွေ ရေနေသတ္တ၀ါလေးတွေ စားကြရတာပဲ မဟုတ်လား။ ( ရှဉ့်တွေ ငှက်တွေ ငါးတွေ ပုရွက်ဆိတ်တွေ ကိုရင်လေး ကျွေးထားသော ဆွမ်းကျန် ဟင်းကျန်များကို စားနေကြသည်)။ တစ်ချို့ခရီသွားတွေ လာတာနဲ့ ကြုံရင်လည်း ကျွေးရတာပေါ့။ ခရီးသွားတဲ့လူတွေကို အစာပေးလှူရင် အကျိုးတစ်ထောင် ရတယ်။ ရေထဲမှာရှိတဲ့ ငါး (တိရစ္ဆာန်) တွေကို အစာပေးလှူရင် အကျိုး တစ်ရာ ရတယ်။ အဲဒီလို မြတ်စွာဘုရားက ဟောခဲ့ဖူးပါတယ်။ ကိုရင်လည်း ကုသိုလ်ရ။ လှူတဲ့ ပြည်သူ/သားတွေလည်း ကုသိုလ်ရတာပဲလေ ” လို့ တရားစကား ပြောပြ ဟောပြပါတယ်။ ကိုရင်လေးကို အတိုင်းထက်အလွန် ကြည်ညိုသွားခဲ့သည်။ ဘုရင်ကြီးက “ ကိုရင်လေးဘုရား၊ တပည့်တော်ကို အခါအခွင့်မရွေး ကိုရင်လေးဆီမှာ လာရောက် ဖူးမျှော်ခွင့် တွေ့ခွင့်ပေးပါဘုရား ”လို့ လျှောက်ထားလိုက်သည်။ ကိုရင်လေးက “ မင်းကြီး ဒီတောတင်မဟုတ်ပါဘူး။ တစ်တိုင်းပြည်လုံးကို ဘုရင်ကြီး ပိုင်ပါတယ်။ ကိုရင်လေးကို ခွင့်တောင်းနေစရာ မလိုပါဘူး။ ကိုရင်ပိုင်ဆိုင်တဲ့အရာဆိုလို့ ဘာတစ်ခုမျှ မရှိပါဘူး။ ကိုရင့်ခန္ဓာကိုယ်တောင် ကိုရင် မပိုင်ပါဘူး။ ဒါကြောင့် မင်းကြီး စိတ်ကြိုက် လာရောက်နိုင်ပါတယ်။ ကိုရင့်ကိုတောင် မင်းကြီးက နှင်ထုတ်ခွင့် ရှိနေတာပဲ ” လို့ ပြန်ပြောသည်။ မင်းကြီးသည် ကိုရင်လေးကို ဦးတင်ရှိခိုးလိုက်သည်။ မျက်ဝန်းမှာတော့ ပီတိမျက်ရည်ကြည်ဥလေးတွေ တွဲခိုလျှက်။ ဒီနေ့ ဒီတောကို အနားယူဘို့ လာရောက်ခဲ့ရခြင်းသည် သူလှည့်လည်ခဲ့သော ခရီးစဉ်များတွင် အအေးချမ်းဆုံး ခရီးစဉ်တစ်ခုဖြစ်ခဲ့သည်။
ဒီလိုနဲ့ တစ်နေ့မှာတော့ ကိုရင်လေးက ဘယ်ကလဲ ဘယ်သူ့သားလဲ ဘယ်လိုအမျိုးအနွယ် လဲဆိုတာကို သိချင်လာသည်။ ဒါကြောင့် သူလျှိုများလွတ်ပြီး ကိုရင်အကြောင်းကို စုံစမ်းရန် လွှတ်ရသည်။ မကြာပါဘူး။ သိရပါပြီ။ ကိုရင်လေးသည် ရဲစွမ်းသတ္တိနဲ့ပြည့်စုံသော အမျိုးကို ချစ်မြတ်နိုးသော သာသနာကို အလွန်အမင်းယုံကြည်ကိုးကွယ်သော မှန်မှန်ကန်ကန် တရားမျှမျှတတ အုပ်ချုပ်နေသော သစ္စာတောင်နယ်မြေ၀န်ကြီးဦးသူရ၏ သားဖြစ်သည်။ ကိုရင်လေးသည် ၁၅- နှစ်သားအရွယ်လောက်မှာ ကိုရင်အဖြစ် သာသနာဘောင်သို့ ၀င်ရောက်သွားခဲ့သည်။ ၀န်ကြီးသားဆိုတော့ လာရောက်ဆည်းကပ်ဖူးမျှော်သူတွေ ပေါများသည်။ လှူဒါန်းသူတွေ ပေါများသည်။ တရားအားထုတ်ချင်လို့ ကိုရင်ဝတ်လာကာမှ လူများစွာနဲ့ပြောဆိုဆက်ဆံနေရသည်။ တရားအားထုတ်ဘို့ သိပ်အခွင့်မရ။ ဒါကြောင့် သစ္စာတောင်နယ်နဲ့ ဝေးတဲ့ ဘေးမဲ့တောကြီးသို့ တစ်ပါးတည်း တိတ်တဆိတ် ကြွလာခြင်းဖြစ်သည်။
ဘုရင်ကြီးသည် ကိုရင်လေးရဲ့ ရုပ်သွင်ကို သာသနာ့ဝန်ထမ်းအသွင်နဲ့ရော တိုင်းပြည်အုပ်ချုပ်တဲ့စစ်သေနာပတိအသွင်နဲ့ရော မြင်ယောင်ကြည့်သည်။ သာသနာ့ဝန်းအသွင်နဲ့ ကြည့်လျှင် ကြည်လင်သည် တည်ငြိမ်သည် အေးချမ်းသည် ။ စစ်သေနာပတိအသွင်နဲ့ မှန်းကြည့်လျှင် ရဲရင့်သည် ပြတ်သည် တည်ငြိမ်သည်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဘုရင်ကြီးစိတ်မှာ ကိုရင်လေးနဲ့ ပတ်သက်ပြီး အားရသည်။ ဒါကြောင့် နှစ်တွေ ကြာလာလို့ အသက်ပြည့်သောအခါ ကိုရင်လေးကို ရဟန်းဒကာအဖြစ်လျှောက်ထားပြီး ရဟန်းခံပေးသည်။ ဘုရင်ကြီးသည် ကိုရင်လေးနဲ့ မတွေ့ရခင်က စိတ်တွေ ငြီးငွေ့လာလျှင် မောင်းမများနဲ့ ပျော်ပါးခြင်း တိုင်းခန်းလှည့်လည်ခြင်းများ ပြုလုပ်ခဲ့သော်လည်း ကိုရင်လေးနဲ့ တွေ့ဆုံပြီးနောက် ကိုရင်ဆီကိုသာ သွားတတ်ခဲ့သည်။ ကိုရင်လေးကို မြင်ရ ဖူးရတာ စိတ်ချမ်းသာသည်။ အေးချမ်းသည်။ ကိုရင်လေးဆီမှာရှိသော အအေးဓာတ်များက သူ့ဆီကို ကူးစက်လာသည်ဟု ခံစားရသည်။ (ပန်းရနံ့သင်းသင်းလေးက ပန်းထုတ်ထားတဲ့ သစ်ဖက်ကို ကူးစက်သလိုပေါ့)။ ကိုရင်လေးဘ၀ကတည်း အခွင့်သင့်ရင် သင့်သလို ဆည်းကပ်သွားလာနေတော့ ဦးဇင်းလေးနဲ့ တော်တော်လေး ရင်းနှီးကျွမ်းဝင်ခဲ့သည်။ ဘုရင်ကြီးမှာ အင်မတန်ချောမောလှပသော သမီးတော် တစ်ပါးရှိသည်။ သို့သော်လည်း ဦးဇင်းဆီကို တစ်ခါမှ ခေါ်မသွားဖူးခဲ့။ ဦးဇင်းလေးရဲ့ တရားအဆင့်အတန်းက ဘယ်လောက်ရှိတယ်ဆိုတာလည်း မင်းကြီးမသိ။ (အရိယာတို့ တရားအဆင့်အတန်းကို အရိယာတို့အချင်းချင်းသာ သိနိုင်သည်။ ပုထုဇဉ်တို့က သိရန် ခက်ခဲသည်၊ မသိနိုင်ပါ)။ တကယ်လို့ ရဟန္တာဖြစ်နေရင်တော့ ကိစ္စမရှိ။ ပုထုဇဉ်အဆင့်သာ ရှိနေသေးလျှင် ဦးဇင်းလေး စိတ်မတည်မငြိမ်ဖြစ်မှာကို စိုးရိမ်မိသည်။ ရဟန်းဖြစ်ပြီးတော့ နန်းတော်ကို ဆွမ်းခံကြွဘို့ ဖိတ်ပါသည်။ သို့သော်လည်း ဦးဇင်းလေးက ဆင်းရဲတဲ့ ပြည်သူတွေကိုပဲ ချီးမြောက်ချင်သည် ဆင်းရဲတဲ့ ပြည်သူတွေစားတဲ့အစားအစာကိုပဲ စားသုံးချင်သည်ဟူသော အကြောင်းပြချက်နဲ့ မကြွခဲ့။ ခရီးလမ်းရဲ့ ဝေးနေခြင်းကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ ကျောင်းဆောင် ဆောက်လုပ်လှူဒါန်းမည် လျှောက်ထားတော့ လက်ခံပါသည်။ သို့သော်လည်း တစ်ပါးနေလောက်ရုံ သေးသေးလေးသာ လက်ခံခဲ့သည်။
သူတစ်ပါး နေရဘို့အတွက် များစွာသော သတ္တ၀ါလေးကို အနှောက်အယှက်ဖြစ်မှာ မလိုလားဘူးတဲ့လေ။ တစ်နေ့ အမျိုးကို ထိလျှင် နည်းနည်းမျှ ငုံ့မခံတတ်သော ၀န်ကြီးဦးသူရရဲ့ သစ္စာတောင်နယ်သို့ နယ်ချဲ့ ကျေးကုလားတို့ အစုလိုက်အဖွဲ့လိုက် အလုံးအရင်းနဲ့ ၀င်ရောက်လာကြသည်။ သစ္စာတောင်နယ်သည် နယ်စပ်နယ်လေးတစ်ခု ဖြစ်သည်။ နယ်စပ်ဂိတ်က အစောင့်တပ်သားတွေ ကျဆုံးပြီး ကျေးကုလားများ ၀င်ရောက်လာခြင်းဖြစ်သည်။ ဒီသတင်းကို ကြားတယ်ဆိုရင်ပဲ မခံချင်စိတ် ပြင်းထန်သော ၀န်ကြီးဦးသူရသည် သူကိုယ်တိုင် ဦးဆောင်ပြီး ကျေးကုလားများကို တိုက်ထုတ်သည်။ ကျေးကုလားများ အင်းအားအရမ်းများနေသောကြောင့် ၀န်ကြီးဦးသူရအပါအ၀င် တပ်သားများစွာ တိုက်ပွဲမှာ ကျဆုံးကြသည်။ သစ္စာတောင်နယ်ကို ကျေးကုလားတို့ သိမ်းပိုက်လိုက်ပါပြီ။ ဒီလိုနဲ့ သိမ်းပိုက်လာလိုက်တာ နယ်မြေတော်တော် များများပါကုန်ပြီ။ ဒီအကြောင်းတွေကို ဦးဇင်းငယ်လေး မသိခဲ့။ တစ်နေ့ ဆွမ်းဘုန်းပေးအပြီး သပိတ်ထဲမှာ ဆွမ်းကျန် ဟင်းကျန်များ မရှိတော့သည်ကို သတိထားမိလိုက်သည်။ ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်အရ များများ ဘုန်းပေးမိလိုက်ခြင်းပဲလို့ ထင်ခဲ့မိသည်။ သူ့လက်ချောင်းကို ပါးစပ်ထဲ ထိုးထည့်လိုက်သည်။ ကုန်းသတ္တ၀ါလေးအတွက် တစ်ခါ ရေသတ္တ၀ါလေးအတွက် တစ်ခါ အန်ထုတ်လိုက်သည်။ ပုံမှန်ကျွေးနေကြ သတ္တ၀ါလေးများအတွက် အစားကျွေးခြင်းဖြစ်သည်။ နောက်နေ့လည်း ဒီလိုပါပဲ။ ဒီလိုနဲ့ ဆွမ်းနည်းပါးလာမှု့ကို သတိထားမိလာသည်။
တစ်နေ့ ဘုရင်ကြီး လာရောက်ဖူးမျှော်သည်။ မျက်နှာလည်း မကောင်း။ ဆွမ်းနည်းပါးမှု့အကြောင်းကို သိချင်သဖြင့် မေးကြည့်သည်။ ဘုရင်ကြီးက “ မှန်ပါ ဦးဇင်း၊ တိုင်းပြည်မှာ ကျေးကုလားတွေ သောင်းကျန်းနေလို့ ဘုရား။ ပြည်သူတွေလည်း အလုပ်ကောင်းကောင်း မလုပ်နိုင်ကြဘူး။ ကျေးလက်တောရွာလေးတွေမှာဆိုရင် အစုလိုက် အဖွဲ့လိုက် ပျောက်ကျားစနစ်နဲ့ နယ်ချဲ့ သိမ်းပိုက်နေကြတယ်ဘုရား။ တပည့်တော်တို့ နန်းမြို့တော်တွေမှာတောင် သူတို့က လူစုခွဲပြီး ပျောက်ကျားစနစ်နဲ့ တိုက်ခိုက်နေပြီဘုရား။ တပည့်တော်တို့လည်း တတ်နိုင်သည့် အင်အားနဲ့ ခုခံ တိုက်ထုတ် နေပါသည်ဘုရား။ ဦးဇင်းလေး စိတ်မကောင်းမဖြစ်ပါနဲ့ဘုရား။ တိုင်းသူပြည်သားတွေအတွက်ဆိုရင် တပည့်တော် အသက်ပေးပြီး ကာကွယ်သွားမှာပါဘုရား။ ဦးဇင်းလေး စိတ်အေးအေးနဲ့ တရားသာ အားထုတ်ပါဘုရား ” လို့ ပြန်လည် လျှောက်ထားလိုက်သည်။ ဦးဇင်းလေးရဲ့ ဖခင် ဦးသူရ ကျဆုံးသွားတဲ့အကြောင်းကိုတော့ မလျှောက်ထားခဲ့။ ဦးဇင်းလေး စိတ်ဆင်းရဲနေမှာကို စိုးရိမ်မိသည်။
အဲဒီနေ့ကစပြီး ဦးဇင်းလေး တရားကို ကောင်းကောင်း အားမထုတ်နိုင်တော့။ သူသည် ဒီတိုင်းပြည်ရဲ့ သွေးသားတစ်ယောက်ဖြစ်သည်။ တိုင်းပြည်အရေးသည် သူ့အရေး။ တိုင်းပြည်ကိစ္စသည် သူ့ကိစ္စ။ တိုင်းပြည်အေးချမ်းမှ ပြည်သူအေးချမ်းမည်။ ပြည်သူအေးချမ်းမှ သူရော သတ္တ၀ါလေးတွေပါ မကြောင့်မကျပဲ ဘုန်းပေးစားသုံးနိုင်မည်။ အေးအေးချမ်းချမ်းနေနိုင်မည်။ ဒီလိုနဲ့ တရားအားထုတ်လိုက် အတွေးတွေ ၀င်လာလိုက်နဲ့ နေလာခဲ့ရသည်။ အရင်ကလို တရားအလုပ်ကို ဖြောင့်ဖြောင့်တန်းတန်း မလုပ်နိုင်ခဲ့။ ဦးဇင်းလေး ရင်ထဲမှာလည်း အေးလိုက် ပူလိုက်ပါပဲ။ ဒီနေ့လည်း တရားအားမထုတ်နိုင်။ အတွေးများနဲ့ လုံးချာလိုက်နေသည်။ ကျေးကုလားများ သစ္စာတောင်နယ်မြေက ၀င်လောက်လာခဲ့ရင် ခက်ရချည်းရဲ့ ဆိုတဲ့ အတွေးက မကြာမကြာ နေရာယူ လွှမ်းမိုးနေတတ်သည်။ အတွေးတွေနဲ့ ငေးမောနေဆဲမှာပဲ ဘုရင်မင်းကြီး ရောက်လာသည်။
ပြီးတော့ “ ဦးဇင်းဘုရား၊ တပည့်တော် ကိုယ်တိုင် တပ်ဦးကတိုင် စစ်တိုက် ထွက်တော့မယ်ဘုရား။ အခြေအနေ တော်တော် ဆိုးနေပြီဘုရား။ တပည့်တော် ကံကြမ္မာကို ကြိုတင် မသိနိုင်ပါဘူးဘုရား။ တပည့်တော်နဲ့ ဦးဇင်းနဲ့ ခုတစ်ခါ တွေ့ဆုံရခြင်းဟာ နောက်ဆုံး တွေ့ဆုံရခြင်းလည်း ဖြစ်ချင် ဖြစ်သွားနိုင်ပါသည်ဘုရား၊ ဒါကြောင့် တပည့်တော် တစ်ခုလောက် လျှောက်ထားခဲ့ချင်ပါသည် ” လို့ လျှောက်ထားခွင့်တောင်းသည်။ ဦးဇင်းလေးက လျှောက်ထားခွင့်ပေးလိုက်သည်။ ဘုရင်းကြီးက “ သာသနာဆိုတာ တိုင်းပြည်အုပ်ချုပ်သူကောင်းမှ ပြည်သူပြည်သားတွေ အဆင်ပြေမှ အားကောင်းလာနိုင်သည့် သဘောရှိပါသည်ဘုရား၊ ဘာကြောင့်လဲဆိုတော့ သာသနာဟာ တိုင်းပြည်နဲ့ ပြည်သူ ပြည်သားတွေအပေါ်မှာ မှီနေရတာ ဖြစ်လို့ပါဘုရား၊ ဦးဇင်းအနေနဲ့ သာသနာကို တကယ်ချစ်မြတ်နိုးတယ်ဆိုရင် သာသနာအတွက် ကျရောက်လာတဲ့ အန္တရာယ်ကို ဘယ်လိုပုံစံမျိုးနဲ့ မဆို ကာကွယ်နိုင်ဘို့ တားဆီးနိုင်ဘို့ လိုပါသည်ဘုရား၊ သာသနာတော်ရဲ့ အနှစ်သာရ တရားအရသာကို အေးချမ်းသာယာမှသာ ရနိုင်ပါသည်ဘုရား။ ဒါကြောင့် ဘုရားရှင်ဟာ မည်သူ့ကိုမဆို စိတ်အေးချမ်း တည်ငြိမ်မှ တရားဟောတာ များပါသည်ဘုရား။ စိတ်လှုပ်ရှားနေလျှင် တရားမဟောပဲ ခဏတာ စောင့်ဆိုင်းတော် မူပါသည်ဘုရား။ တပည့်တော် အဓိက လျှောက်ထားခဲ့ချင်တာက သာသနာတော်ဆိုတာ အေးချမ်းသာယာတဲ့ ပြည်သူနဲ့ တိုင်းပြည် ရှိဘို့ လိုအပ်ပါသည်ဘုရား၊ သာသနာတော်ကို ချစ်မြတ်နိုးတဲ့ သူတိုင်း သာသနာရဲ့ ဘေးရန်တွေကို ဘယ်လိုပုံစံမျိုးနဲ့ မဆို (လူဝတ်နဲ့ဖြစ်ဖြစ် ရဟန်းဝတ်နဲ့ဖြစ်ဖြစ်) ကာကွယ် တားဆိးပေးနိုင်ဘို့ လိုအပ်သည်ဆိုတဲ့ အကြောင်းပါဘုရား ” ဟု လျှောက်ထားလိုက်သည်။ ဦးဇင်းလေးမှာ ခေါင်းတညိမ့်ညိမ့်နဲ့ကျန်ခဲ့သည်။
နောက်နေ့တွင် မြို့စောင့်ကျန်ခဲ့သော တပ်မှူးတစ်ယောက် ရောက်လာသည်။ ပြီးတော့ ဦးဇင်းလေးရဲ့ဖခင် ၀န်ကြီးဦးသူရ ကျဆုံးသွားပြီးဖြစ်တဲ့ အကြောင်းလျှောက်သွားခဲ့သည်။ ဘာကြောင့် ခုလို လာရောက် လျှောက်ထားသည်ဆိုတာကို တိတိကျကျ မသိပေမဲ့ ဦးဇင်း စိတ်မှာတော့ တစ်ခုခုကို ခိုင်ခိုင်မာမာ ဆုံးဖြတ်လိုက်ပါပြီ။ နောက်နေ့ ဆွမ်းခံကြွတော့ သူ့ဆွမ်းဒကာ ဒကာမများကို သူနေတဲ့ဘေးမဲ့တောကို လာခဲ့ဘို့ ဖိတ်ခဲ့သည်။ နေ့ခင်းဘက်တွင် လူတော်တော်များများ ရောက်လာခဲ့သည်။ ဦးဇင်းလေးက “ ဒကာ ဒကာမတို့ ဦးဇင်းပြောစရာ ရှိလို့ ခေါ်လိုက်တာပါ။ ခုချိန်ထိ ဦးဇင်းရဲ့ ကာယကံ ၀စီကံမှု့အနေနဲ့ အပြစ်ဖြစ်တာ တစ်ခုမှ မရှိဘူးလို့ ရဲရဲကြီး ပြောရဲပါတယ်။ ဒါပေမဲ့ စိတ်မှာတော့ အပြစ်ဖြစ်နေပါပြီ။ တိုင်းပြည်ရဲ့ အရေးကို တွေးမိတိုင်း သောကဆိုတဲ့ အပြစ်က စိတ်မှာ ၀င်ရောက်တိုက်ခိုက်နေပါပြီ။ ဒါကြောင့် ဦးဇင်း အနေနဲ့ လူထွက်ပြီး တစ်ဒေါင့်တစ်နေရာက တိုင်းပြည်နဲ့လူမျိုးအတွက် အေးချမ်းတဲ့ သာသနာအတွက် တာဝန်ထမ်းဆောင်ချင်ပါတယ်။ ဦးဇင်းက သစ္စာတောင်နယ်မြေက ၀န်ကြီးဦးသူရရဲ့ သားပါ။ ဦးဇင်းငယ်ငယ်က တိုက်ခိုက်နည်း များစွာကို ဖေဖေက သင်ပေးခဲ့ပါတယ်။ အဲဒီတိုင်ခိုက်နည်းတွေကို ပြန်လေ့ကျင့်ပြီး တိုင်ပြည်အတွက် တာဝန်ထမ်းဆောင်တော့မယ်။ ဦးဇင်းကို ခွင့်လွှတ်ကြပါ။ ပြီးတော့ တဆက်တည်းမှာပဲ အ၀တ်စား သုံးစုံလောက်လည်း တောင်းခံချင်ပါတယ်။ တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်ချင်တဲ့ သူများရှိရင်လည်း ဦးဇင်းနဲ့အတူ တိုက်ခိုက်နည်းပညာများ အတူတူ လာရောက် လေ့ကျင့်သင်ကြားနိုင်ပါတယ်” လို့ ပြောလိုက်သည်။ ၀န်ကြီးတစ်ယောက်ရဲ့ သားဖြစ်နေသောကြောင့် အံ့သြသူများက အံ့သြကြသည်။ လူထွက်မှာနှမျောပြီး ငိုသူများက ငိုကြသည်။ မ၀တ၀စားရသည့် ဆွမ်းနဲ့ အစာကိုမျှော်လင့်နေကြသော သတ္တ၀ါလေးကို ကြည့်ပြီး စိတ်မကောင်းဖြစ်ရသည်။ ဟူးးးးးးးးးး ခုတော့ အေးချမ်းသည့် တောလေးလည်း အပူမီးတွေ ကူးစက်ကုန်ပါပြီလား။
တော်တော် ဒုက္ခပေးတဲ့ ကျေးကုလားတွေ။ တိုင်းပြည်နဲ့ လူမျိုး ဘာသာနဲ့ သာသနာအတွက် ရင်ဆိုင်တွေ့ကြတာပေါ့ကွာ။ ညနေဘက်တွင် လူငယ်လူရွယ်များစွာတို့ ရောက်လာကြသည်။ ဓားတွေ တုတ်တွေကိုယ်စီနဲ့ ဦးဇင်းလေးအတွက်လည်း အ၀တ်စား အစုံများစွာ ပါလာသည်။ ဦးဇင်းလေးက မယူပါ။ သုံးစုံသာ ယူသည်။ ကျန်တာတွေကို ပြန်ပေးလိုက်သည်။ ချက်ချင်းပဲ သိက္ခာချလူထွက်သည်။ ပြီးတော့ တိုက်ခိုက်နည်းပညာများကို လေ့ကျင့်တော့သည်။ သူ့နာမည်က ၀ီရတဲ့။ ၀ီရသည် ဦးဇင်းဘ၀က တရားကို ကြိုးကြိုးစားစား အားထုတ်သလို လူဖြစ်သွားတော့လည်း တိုက်ခိုက်နည်းပညာများကို ကြိုးကြိုးစားစား လေ့ကျင့်သည်။ ညဘက် နေ့ဘက် အချိန်ပြည့် လေ့ကျင့်သည်။ သူ့အတွက် စားဘို့ လူငယ်လူရွယ်များက ယူလာပေးသည်။ လေ့ကျင့်မှု့ အရှိန်ရသည့်နဲ့ အမျှ လျင်မြန်မှု့ ကျွမ်းကျင်မှု့ သန်မာမှု့ ခိုင်မာမှု့တွေက အံ့သြလောက်အောင်ကို ကောင်းမွန်ခဲ့သည်။ ခုလို အနေအခြေပုံစံမျိုးကိုသာ ဘုရင်ကြီး သိခဲ့ မြင်ခဲ့မယ်ဆိုလျှင် --------------------------------။
တစ်နေ့ မြို့စောင့်တပ်မှူးလေးနဲ့တကွ အမတ်ကြီးများ များစွာတို့ ရောက်လာကြသည်။ ပြီးတော့ ၀ီရကို ဒူးထောက်အရိုအသေပေးကြသည်။ ၀ီရ အံ့သြနေသည်။ သူသည် ရဟန်းတစ်ပါးအသွင်နဲ့ မဟုတ်တော့။ ဘာကြောင့် ဒူးထောက် အရိုသေ ပေးနေကြတာလဲ။ နားမလည်တော့ ။ မနေတတ်။ မှူးကြီး မတ်ရာများက “ ကျွန်တော်မျိုးတို့၏ ဘုရင်မင်းမြတ်ကြီးသည် တိုင်းပြည်နဲ့ လူမျိုးအတွက် တိုင်ပွဲဝင်ရင်း နန်းရွာစံ ကံတော် ကုန်သွားပါပြီ။ ဘုရင်မင်းကြီးက သူ့ရဟန်းကို လူဝတ်လဲစေပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် ဘာသာနဲ့သာသနာအတွက် တာဝန်ထမ်းဆောင်ရန် တောင်းပန်စကား လျှောက်ထားခိုင်းပါသည်။ ခုလို မြင်တွေ့ရတာ ၀မ်းနည်း ၀မ်းသာဖြစ်ရပါသည်။ တိုင်ပြည်နဲ့ လူမျိုး ဘာသာနဲ့ သာသနာအတွက် ဘုရင်မင်းကြီး၏ မင်းမြောက်တန်ဆာငါးပါးကို လက်ခံတော်မူပါ ” လို့ လျှောက်တင်ကြသည်။ ၀ီရလည်း ယုံကြည်စိတ်ချသဖြင့် ပေးအပ်သော ကျေကျေနပ်နပ်ဖြင့် ပေးအပ်သော တိုင်းပြည်တာဝန်ကို တာဝန်ကျေစွာထမ်းဆောင်ဘို့ လက်ခံလိုက်သည်။ ပြီးတော့ “ ငါသည် တိုင်းပြည်နဲ့လူမျိုး ဘာသာနဲ့ သာသနာအတွက် ဘေးဖြစ်စေသော အနှောက်အယှက်ဖြစ်သော ဘေးရန်ကို ကာကွယ်တားဆီဘို့ အတွက်သာ ယခုလို လက်ခံခြင်းဖြစ်သည်။ ယင်း စကားသည် မှန်ကန်သော စကားဖြစ်ပါသည်။ ထို့ကြောင့် ငါလုပ်ဆောင်သော အရာရာတိုင်း အောင်မြင် ပြီးမြောက်ပါစေသား” လို့ သစ္စာဆိုအဓိဋ္ဌာန်ပြုသည်။ ပြီးတော့ ချောင်းထဲက ငါးလေးများ တောကောင်လေးများကို နှုတ်ဆက်လိုက်သည်။
သူတို့လည်း ၀မ်းနည်း ၀မ်းသာ ဖြစ်နေကြလိမ့်မည် သာ။ ဒီလိုနဲ့ ရက်ပေါင်းများစွာ လပေါင်းများစွာ ကျေးကုလားများကို တိုက်ထုတ်ခဲ့ရသည်။ ဘုရင်ဝီရ၏ ကျွမ်းကျင်သော နည်းပညာ ရဲရင့်သော စိတ်ဓာတ် မှန်ကန်သော လုပ်ရပ်များကြောင့် တစ်နယ်ပြီး တစ်နယ် ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။ ဘုရင်ဝီရအပေါ် ယုံကြည်အားကိုး ချစ်မြတ်နိုးသော တိုင်းသူ ပြည်သားများကလည်း တညီတညွတ်တည်း ပါဝင် လာကြသည်။ တိုင်းရင်းသား ပြည်သူများ၏ ညီညွတ်မှု့သည် တိုင်းပြည်၏ အင်းအားဖြစ်လာခဲ့သည်။ စည်းလုံးညီညွှတ်မှု့ နဲ့ တစ်တိုင်းပြည်လုံးမှာ ခိုကပ်နေကြသော ကျေးကုလားများကို ကြူပင်ကိုခုတ် ကြူငုတ်ပါ မကျန် တွန်းလှန်တိုက်ခိုက် မောင်းထုတ် သုတ်သင် ပစ်နိုင်ခဲ့သည်။ တိုက်ပွဲတွေ အားလုံးပြီးလို့ တိုင်းပြည်ငြိမ်းချမ်းသော အခါမှာတာ့ ဘုရင်ဝီရသည် သူ့ရည်ရွယ်ချက်ဖြစ်သော တရားအရသာကို သောက်သုံးဘို့ စဉ်းစားမိသည်။ သို့သော်လည်း တိုင်းပြည် ပြန်လည်တည်ငြိမ်ဘို့ တိုးတက်ဘို့ လုပ်ဆောင်နိုင်သည့် သူကို ရှာမတွေ့ခဲ့။ ဖြစ်ချင်ရာ ဖြစ် ပစ်ထားခဲ့လျှင် ပြန်လည် ပြိုကွဲသွားနိုင်သည်။ ကစဥ့်ကလျား ကသောမျောပါး ဖြစ်သွားနိုင်သည်။ မူးကြီးမတ်ရာ သေနာပတိများစွာတို့ကလည်း တိုင်းပြည်ကို တည်ငြိမ်တိုးတက်ဘို့ လုပ်ဆောင်ပြီးမှသာ လိုရာလမ်းကို လျှောက်လှမ်းသင့်ကြောင့် လျှောက်တင်ကြသည်။ ဒီလိုနဲ့ပဲ ဘုရင်တစ်ပါးအဖြစ် ၀ီရတစ်ယောက် အုပ်ချုပ်မင်းလုပ်နေသည်။
တစ်နေ့မှာ သက်တော်ရှည်အမတ်ကြီးဦးဗလက “ ဘုရင်မင်းမြတ် ဘုရား၊ ရဲရင့်ထက်မြတ်သော အရှင်မင်းမြတ်ရဲ့ သွေးသားနဲ့ စိတ်ဓာတ်တို့ကို ကျွန်တော်မျိုးတို့ တိုင်းပြည်အတွက် ချန်ထားရစ်ခဲ့သင့်ပါသည်။ ထို့ကြောင့် နတ်ရွာစံဝင်တော်မူပြီးသော ဘုရင်မင်းကြီးရဲ့ သမီးတော် ရူပါနဲ့ ထိမ်းမြားလက်ထပ် သွေးသားဓာတ်တို့ ချန်ထားခဲ့သင့်ပါကြောင်း ” လျှောက်ထား သံတော်ဦး တင်လေသည်။ ရူပါသည် ဘုရင့်သမီးဆိုတဲ့ ဂုဏ်နဲ့ လိုက်ဖက်အောင်ကို နူးညံ့ လှပလွန်းသည်။ အပြစ်ပြောစရာ မရှိလောက်အောင်ကို ချောမောလှပလွန်းသည်။ ဘုရင်ဝီရသည်လည်း ပုထုဇဉ်ပီပီ နှစ်သက်မြတ်နိုးသဖြင့် ရူပါကို မိဖုရားမြောက်ကာ လက်ဆက်ထိမ်းမြားလိုက်သည်။ နောက် ဘုရင်ဝီရသည် သားတော် အမွှာပူးလေး နှစ်ယောက်ရဲ့ ဖခင်ဖြစ်လာခဲ့သည်။ တည်ငြိမ်အေးချမ်းပြီး တိုးတက်သာယာသော တိုင်းပြည်နဲ့ ပျော်ရွှင်ကြည်နူးစရာ ကောင်းသည့် အခြေအနေပါပဲ။ ဒီလိုနဲ့ နေလာခဲ့တာ နှစ်တွေပင် များစွာ ကုန်လွန်ခဲ့ပါပြီ။ သားတော်နှစ်ပါးလည်း အရွယ်ရောက် ပညာစုံတဲ့တစ်နေ့။ ဘုရင်ဝီရသည် ရူပါကို ခွင့်တောင်းသည်။ တောထွက် တရားအားထုတ်ချင်သည်။ ရူပါကလည်း ယောဂီဝတ်ပြီး တရားအားထုတ်ချင်ကြောင်း ပြောသည်။ သားတော်နှစ်ပါးကို တိုင်းပြည်အပ်မည့်အကြောင်း တစ်တိုင်းပြည်လုံး ကြောငြာမောင်းတီးသည်။ သဘောမတူသည့်အဖွဲ့ အစည်းရှိလျှင် ကန့်ကွက်နိုင်သည်။ တစ်တိုင်းပြည်လုံးရှိ အဖွဲ့အစည်းအားလုံးက သဘောတူကြသဖြင့် သားတော်အကြီးကို ဘုရင်အဖြစ်တင်မြောက်ပြီး သားတော်ငယ်ကို အိမ်ရှေ့စံအဖြစ် တင်မြောက်လိုက်သည်။ ခုတော့ ဘုရင်ဝီရက ရဟန်းဝတ်ပြီး မိဖုရားရူပါက ယောဂီဝတ်ပြီး ဘေးမဲ့တောလေးထဲမှာ ကိုယ်စီ ကိုယ်စီ တရားအားထုတ်နေကြပါပြီ။
ဘေးမဲ့တောလေးထဲကတိုင် တိုင်းပြည်အပေါ်ကို မေတ္တာအအေးဓာတ်တွေ ပို့လွှတ် လွှမ်းခြုံလျှက်ပေါ့။ ( တောထဲက ချောင်းငယ်လေးရဲ့ ဒီဘက်ခြမ်းမှာ ဦးဇင်းဝီရက တရားအားထုတ်ပါသည်။ ဟိုဘက်အခြမ်းမှာတော့ ယောဂီရူပါက တရားအားထုတ်ပါသည်။ အလည်က ချောင်းဘေးမှာ သူတို့ကို ပြုစု လုပ်ကျွေးမဲ့ ဆွမ်းဟင်းအတွက် တာဝန်ယူတဲ့ ရွာသူ ရွာသားများ နေကြသည်)။ ကဲ ခုတော့လည်း အပူကူးစက်ခံခဲ့ရသော ဘေးမဲ့တောလေး အေးချမ်းသာယာသွားခဲ့ပါပြီ။ ငါးလေးများ တောကောင်လေးများလည်း တေးဆိုရင်း မြူးထူး ခုန်ကစားလို့ပေါ့။ ကဲ သူငယ်ချင်းတို့ရေ ဒို့တတွေ အားလုံး ဒို့နိုင်ငံ ဒို့တိုင်းပြည် ဒို့လူမျိုး ဒို့ဘာသာ ဒို့ယဉ်ကျေးမှု့ ဒို့သာသနာကို စော်ကားရန်စလာတဲ့ ဘယ်လိုဘေးအန္တရာယ်မျိုးကို မဆို ဘယ်လိုပုံစံနဲ့ပဲ ဖြစ်ဖြစ် တွန်းလှန်ကာကွယ် တိုက်ထုတ်ကြရအောင်နော်။ ဘုရင်ဝီရလို ခေါင်းဆောင်ကောင်း တစ်ယောက်မဟုတ်ခဲ့ရင်တောင် နောက်လိုက်ကောင်း တစ်ယောက်အနေနဲ့ပေါ့။
အားလုံးကို
ခင်မင်စွာဖြင့်
စံလင်း
( ကိုယ်တိုင်း ခံစား ရေးဖွဲ့သည်)
ချစ်သူမြို့တော်မှ ကူးယူဖေါ်ပြသည်။
No comments:
Post a Comment