Saturday, 1 September 2012

သမ္မတထံသို့ပေးစာ

သို့…
ဒကာတော်သမ္မတကြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ဘေးရန်အပေါင်းမှ ကင်းဝေးပါစေ ကြောင်းနှင့် လက်ရှိကြုံတွေ့နေရသော အခက်အခဲများကိုလည်း ကျော်လိာံးနိုင်ပါစေလို့ ဆုတောင်း မေတ္တာများ ပို့သလိုက်ပါတယ်….
ဦးဇင်းကိုယ်တိုင် မိမိရဲ့ဆန္ဒကို လာရောက်ပြောကြားချင်ပေမယ့် အခွင့်အရေးနည်းပါးသော ဦးဇင်းလို ရဟန်းငယ်တပါးအတွက် စာပို့ခွင့်ရတာကိုပဲ အားရကျေနပ်မိပါတယ်….ဒကာတော်သမ္မတကြီးခင်ဗျား...  
 ရခိုင်ပြည်မှာဖြစ်ပျက်ခဲ့သော အဓိကရုဏ်းနှင့်စပ်လျဉ်းပြီး ဦးဇင်းရဲ့အမြင်တချို့ကို အကြံပြုတင်ပြပါရစေ.... ယခုဖြစ်ပျက်ခဲ့သော ရခိုင်ပြည်နယ်၏အဓိကရုဏ်းမှာ ရခိုင်ပြည်သူတို့ရဲ့စိတ်ဓာတ်က အားကစားသမားကောင်းတို့ရှိအပ်တဲ့ စိတ်ဓာတ်မျိုးလို့သာ ယူဆပါ တယ်၊ ဘာဖြစ်လို့လဲဆိုတော့......ရခိုင်ပြည်သူတို့သည် အနိုင်မခံ၊ အရှုံးမပေးသော စိတ်ဓာတ်ခိုင်မာ သော လူမျိုးတွေသာဖြစ်တယ်ဆိုတာ... ဆရာတော်ဦးဥတ္တမ၊ ဆရာတော်ဦးစန္ဒြမဏိ ၊ ဆရာတော် ဦးစိန္တာ၊ အစရှိတဲ့ ရခိုင်စံပြဆရာတော်ကြီးများ... သမိုင်းသုတေသီ ဦးသာထွန်း၊ ဦးရေိံဇံအောင်အစရှိတဲ့ ပုဂ္ဂိုလ်များရဲ့ လုပ်ဆောင်ခဲ့တဲ့သမိုင်းက သက်သေပြနေတယ်ဆိုတာ ထင်ရှားပါတယ်.....

ရခိုင်ပြည်သူတို့သည် ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင် ကြွရောက်ဟောကြားအပ်သော တရားဒေသနာတော်များကို နာကြားရ၍ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လာကြပြီး မဟာမြတ်မုနိ ရုပ်ရှင်တော်ကို ဗျာဒိတ်တော်ထားခဲ့ကြောင်း၊ ရခိုင်လူမျိုးတိုင်း ဗုဒ္ဓဘာသာဝင်ဒေသခံတိုင်းက ယုံကြည်ထားကြသည်၊ သမိုင်းသုတေသီများကလည်း “ယေဓမ္မာ ဟေတုပ္ပဘာဝါ” စသော သစ္စာလေးပါး အမှန်တရားတို့ကို ကျောက်စာ၊ပေစာတို့ဖြင့် ရှေးလူကြီးမိဘများ ရေးထိုးထားခဲ့ကြောင်း သက်သေထူလျက်ရှိပါသည်။ ဒကာတော်သမ္မတကြီးခင်ဗျား.... သမိုင်းရှည်ပြီး ပထ၀ီပျောက်လာနေတဲ့ ဗုဒ္ဓဘာသာတို့ရဲ့သမိုင်းဟာ သင်ခန်းစာမက ၀မ်နည်းစရာကောင်းနေပြီဖြစ်ပါတယ်၊၊ ကမ္ဘာပေါ်မှာ ဘယ်လိုအကြမ်းဖက်မှုမျိုးကို ဗုဒ္ဓဘာသာက (တနည်းအားဖြင့်) ဗုဒ္ဓဘာသာဝင်တွေက လုပ်ခဲ့ဖူး ပါသလဲ။ လက်ရှိအဖြစ်အပျက်တို့သည်လည်း “ရိုဟင်ဂျာ”လို့ မိမိကိုယ်ကို မိမိနာမည်ပေးထားတဲ့ မူဆလင်ဆိုသူတွေရဲ့ မြန်မာနိုင်ငံအပေါ် ကျူးကျော်သိမ်းပိုက်လိုတဲ့ ယုတ်မာတဲ့အကြံဥာဏ်တွေ ကြောင့်သာ ဖြစ်ပါတယ်လို့ ယူဆပါတယ်၊၊ ဥပမာတစ်ခုတင်ပြရပါလျှင် ဂျီနီဗာမှာ ဘာသာပေါင်းစုံ ပါဝင်ဖွဲ့စည်းထားသော ဘာသာရေးအဖွဲ့ကြီးကတောင်မှ အငြိမ်းချမ်းဆုံးဘာသာရေးဆုကို ဗုဒ္ဖ္ဖဘာသာ ကပဲ ဆန္ဒမဲအများဆုံးဖြင့် ဆွတ်ခူးထားသည်မဟုတ်ပါလော...

ထိုနည်းတူစွာ ဦးဇင်းတို့ရခိုင်လူမျိုးများတို့နဲ့အတူ နေထိုင်လာခဲ့ကြသော ည်ီနောင်တို့ဟာလည်း အတူတူပင် အေးအတူ၊ပူအမျှ နေထိုင်လာခဲ့ကြသည်မှာ ထောင်စုနှစ်ပေါင်းများစွာကြာခဲ့ပါပြီ၊ ကျားမ ခွဲခြားဆက်ဆံမှု၊ လူ့အခွင့်အရေးနှင့် အသားအရောင်ခွဲခြားမှုတို့ကို မကြားဖူးခဲ့ပါ၊၊ ဒီနေ့အချိန်မှာတော့ တောင်ကုတ်ကိစ္စကိုရှေ့တန်းတင်ကာ ရခိုင်လူမျိုးတွေက မူဆလင်ဘုရားဖူးတွေကို အကြမ်းဖက်တယ်၊ သူတို့ဘာသာဝင်တွေအတွက် ခွင့်မလိံတ်နိုင်ဘူး တာဝန်ယူရမယ် ပြောလာကြပါတယ်...
သူတို့ဟာ မူဆလင်ဘာသာ ဥက္ကဋ္ဌ၊ အတွင်းရေးဆိုတဲ့ တံဆိပ်တွေကိုလဲ ဂျာနယ်တွေထဲမှာ ဖေါ်ပြထားတာတွေကို တွေ့ခဲ့ရပါတယ်။ ဒကာတော်သမ္မတကြီးခင်ဗျား...ဘယ်သူမှားတယ် ဘယ်သူ မှန်တယ်ဆိုတာ သူတို့တောင်းဆိုချက်တွေက ဖေါ်ပြနေပါတယ်။ ရခိုင်လူမျိုးတို့ကို ဘာသာမဲ့ အရိုင်း အစိုင်းတွေဆိုတဲ့ပုံစံမျိုး ရေးသားထားတာ တွေ့ခဲ့ရပါတယ်။ (၀၈၊၀၆၊၂၀၁၂) နေ့စွဲဖြင့် အမိမြန်မာ နိုင်ငံကို ခေတ္တရောက်နေချိန်မှာ ဘူးသီးတောင်၊ မောင်တော၊ စစ်တွေတို့မှာ မီးခိုးလုံးကြီးတွေထွက် နေပြီး၊၊
 တပ်မတော်အရာရှိတွေ စားနပ်ရိပ်ခါ ဝေပေးနေတဲ့ မြင်ကွင်းတွေကို တွေ့ခဲ့ရပါတယ်။ ဒေသခံ ဗုဒ္ဖဘာသာဝင်တွေကို များများမတွေ့ရ၊ T.V မှာမြင်ရတာတောင် စိတ်မထိန်းနိုင်လောက်အောင် ခံစား ခဲ့ရပါတယ်။ ဘယ်လူမျိုးရယ်လို့ ကိုယ့်ကိုကို မဖေါ်ပြချင်၊ မဖေါ်ပြရဲတဲ့သူတွေ သမိုင်းမရှိပဲ ဘယ်လိုလုပ်ပြီး ပထ၀ီကိုပိုင်ချင်ကြတာလဲ၊ ရှေးဟောင်းဗလီတွေမရှိပဲ ဘာဖြစ်လို့ရခိုင်ပြည်ကို မူဆလင်တွေ ဘုရားဖူးသွားတယ်လို့ ပြောကြတာလဲ၊ တွေးကြည့်ရင် ဒကာတော်သမ္မတကြီး သိနိုင်ပါတယ်။ လူမျိုးနာမည်မပြောပဲ မူဆလင်ဘာသာဝင်ပါ ပြောကြတဲ့သူတွေဟာ၊ အကြမ်းဖက်ပြီး နယ်မြေလုထားတဲ့သူတွေပဲဖြစ်မှာပါ။
 ၁၈၂၆-ခု ရန်ထပိုစာချုပ်ပြီးမှ ရောက်လာတဲ့သူတွေ၊ ၁၉၇၄-ခု ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တိုင်းရင်းသားပြည်သူတွေနဲ့ တန်းတူအခွင့်အရေးရသင့်ပါသလား... ၁၉၃၆-ခုနောက်ပိုင်း မတရား အစုလိုက်အပြုံလိုက် ၀င်ရောက်လာကြပြီး၊ ၁၉၄၂-ခုနှစ်မှာ ဒီထက် ကြီးမားတဲ့ အကြမ်းဖက် လူသတ်ပွဲကြီးတွေ ဖြစ်ခဲ့ဖူးပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာလည်း ဗုဒ္ဖဘာသာဒေသခံတွေကို ကုလားမူဆလင် ဘာသာဝင်တွေက တိုက်ခိုက်မောင်းထုတ်ကြတာကြောင့် အင်္ဂလိပ်ဒုက္ခသည်စခန်းတွေမှာ ခိုလှုံခဲ့ရပါတယ်...။ ပြန်လာနိုင်တဲ့အခါကြပြန်တော့လဲ ပိုင်ဆိုင်မှုတွေ အားလုံး သူတို့ပြန်မရကြတော့ဘူး၊ ဒါပေမဲ့ ကုလားမူဆလင်တွေကျတော့ ထွက်ပြေးစရာမလိုပဲ၊ ထွက်ပြေးအောင်လက်နက်တွေ၊ ဓားတွေဒုက်တွေနဲ့ နှင်ထုပ်ခဲ့ကြတာ နယ်မြေလုချင်လို့ ရည်ရွယ်ချက် ရှိရှိ ကြိုတင်စီစဉ် လုပ်ဆောင်ခဲ့ကြတာ ရှင်းပါတယ်၊၊ လက်ရှိဖြစ်ပွါးခဲ့တဲ့ပြဿနာတွေကို ကြည့်ရင် သိသာနိုင်ပါတယ်၊ လက်နက်မဲ့ ဒေသခံပြည်သူတွေကို လက်နက်နဲ့အကြမ်းဖက် တိုက်ခိုက်ကြတာပါ၊၊ ဒကာတော်သမ္မတကြီးခင်ဗျား....

၂၁-ရာစုမှာ အကြမ်းဖက်ပြီး နယ်မြေလုကြတာ ဘာသာရေး၊လူ့အခွင့်အရေးဆိုပြီး ကုလသမဂ္ဂ လူ့အခွင့် အရေးစာတမ်းတွေကို ထောက်ပြတောင်းဆိုကြတာ တကယ်ကား ကုလသမဂ္ဂ လူ့အခွင့်အရေး စာတမ်း တွေက သူတို့အတွက် မတရားကျူးကျော် နေထိုင်ခွင့် ဒေသခံပြည်သူတွေကို နှင်ထုတ်ပြီး လယ်ယာ မြေတွေ လုယူပိုင်ခွင့်တော့ ဘာသာရေးအကြောင်းပြပြီး၊ နယ်မြေပိုင်ဆိုင်ပိုင်ခွင့် အကြမ်းဖက်သူတွေကို ထောက်ပံ့ပိုင်ခွင့်တော့ ပြၘာန်းထားခဲ့ပါသလား... အကယ်၍ရှိတယ်ဆိုရင် ဘယ်နိုင်ငံမှာ ဘယ်အစိုးရက ဘယ်တုန်းကပေးခဲ့တယ်ဆိုတာ ပြည်သူတယောက်အနေနဲ့ သိချင်ပါတယ်...။
ဒကာတော်သမ္မတကြီးခင်ဗျား...

ဒီနေ့မိခင်နိုင်ငံကြီးဟာ သမ္မတကြီးရဲ့အုပ်ချုပ်မှု အမိန့်ဒီဂရီအောက်ကို ရောက်နေပါတယ်။ ဒကာတော် သမ္မတကြီးအနေနဲ့ တိုင်းရင်းသားပြည်သူအားလုံးကို ဦးဆောင်လမ်းပြပေးနေတာကိုလည်း အထူးပင် ၀မ်းမြောက်မိပါတယ်၊ ရှေးဆက်ပြီးတော့လည်း သာမန်ပြည်သူတွေကို တန်ဖိုးထားဖို့နဲ့ ပြည်သူတို့ရဲ့ဆန္ဒ၊ ပြည်သူတို့ဘ၀တွေကိုအလေးထားပေးပါလို့ ဦးဇင်းအနေနဲ့ အထူးမေတ္တာရပ်ခံပါတယ်...
အချုပ်အားဖြင့်ပြောရလျှင် သမိုင်းရှည်ပြီး ပထ၀ီပျောက်လာနေတဲ့ အမိမြန်မာပြည်ကြီး အတွက် အထူးစိုးရိမ်လို့ပါပဲ၊ အမှားပါရင်လည်းခွင့်လိံတ်ပေးပါ၊ အကယ်၍ ကုလသမဂ္ဂ လူ့အခွင့်အရေး စာတမ်းတွေကို ထင်ယောင်ထင်မှားဖြစ်အောင် ပြည်သူတွေသွေးကွဲအောင် လုပ်သူများနည်းတူ အပြစ်ရှိသည်ဟုယူဆလျှင်လည်း ဥပဒေကပေးသောအပြစ်ကို ရိုးသားစွာ ရဟန်းတော်တပါးပီပီ ခံယူပါ မည်၊၊ ကုလသမဂ္ဂတွင်ရေးဆွဲထားသော လူ့အခွင့်အရေးစာတမ်းများသည် မြတ်စွာဘုရားရှင် ဩ၀ါဒ ဒေသနာထက် များစွာခေတ်နောက်ကျနေပါသေးသည်၊၊ သို့ဖြစ်ပါ၍ ဗုဒ္ဖသြ၀ါဒ ဒေသနာတရားတော်နဲ့ အညီ နေထိုင်လာကြသော ရဟန်းရှင်လူ၊ ပြည်သူတို့၏ အခွင့်အရေးမှာ ပြည်သူနှင့်လူမျိုးအပေါ် တာဝန်သိလုပ်ဆောင်ခဲ့ကြသလောက် အခွင့်အရေးရှိသင့်သည် ဟုယုံကြည်မိပါသည်။ 

ဒကာတော်သမ္မတကြီးနှင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ ကျန်းမာချမ်းသာစွာဖြင့် စစ်မှန် ငြိမ်းချမ်းသော မြတ်ဗုဒ္ဓ၏ဓမ္မများကို ပိုင်ဆိုင်နိုင်ကြပြီး၊ ခေတ်မှီဖွံ့ဖြိုးတိုးတက် အေးချမ်းသာယာသော နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်ကြပါစေ...........

မေတ္တာဖြင့်.....
အရှင်မေဓာသာရ
နာလန္ဒာ၊ဘီဟာ၊အိန္ဒိယ။

No comments:

Post a Comment